ရေဇွာမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေကျပ် (၁၀)သန်းမှ သန်း(၁၀၀)ကြား တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် ကွင်းဆင်း

ရေဇွာ       ဇန်နဝါရီ       ၂၈

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွင်း ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်(၁၀)သန်းမှ သန်း(၁၀၀)ကြား လုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက လုပ်ငန်းစတင်ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့က ကွင်းဆင်းတိုင်းတာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရေဇွာမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေကျပ် (၁၀)သန်းမှ သန်း(၁၀၀)ကြား ဆောင်ရွက်မည့် လုပ်ငန်း(၁၃)ခုရှိပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီ(၁၅)ခုမှ ယင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်ရန် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်ဇာမီဝင်း၊ စည်ပင်တာဝန်ခံအင်ဂျင်နီယာ ဦးဖွန်ဆန်းအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်း တိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟုန်းအွမ်(ပြန်/ဆက်)