ကန်ပိုက်တီ ဇန်နဝါရီ ၂၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့အမှတ်(၁)ရပ်ကွက်ရှိ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်လုပ်ပြီးစီးသည့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသစ်နှင့် ဝန်ထမ်းအိမ်ယာအဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ရုံးအဆောက်အဦသစ်နှင့် ဝန်ထမ်းအိမ်ယာသစ်အား ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ(ခ) ဇခေါင်ခမ်းရယ်နှင့် ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ(ခ) ဇခေါင်ခမ်းရယ်မှ ကန်ပိုက်တီမြို့သည် နယ်စပ်ဒေသ ဖြစ်၍ မိမိတို့ဒေသဖွံ့ဖြိုးစေရန် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆာင်ရွက်ရမည် ဖြစ်ကြောင်း ထပ်မံပြောကြားသည်။
အဆိုပါ မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံး အဆောက်အဦသစ်နှင့် ဝန်ထမ်းအိမ်ယာ အဆောက်အဦသစ်အား ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေကျပ် (၃၉၁ ဒဿမ ၅) သန်းဖြင့် ဆောင်ရွက်ခဲ့ဖြစ်ကြောင်းသိရသည်။
ခေါယိန်း(ပြန်/ဆက်)