ကျေးရွာများမှ ဖော်ထုတ်သော ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေး ကျင်းပ

မယ်စဲ့ ဩဂုတ်

ကမ္ဘာ့ဘဏ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မယ်စဲ့မြို့နယ် လူထုဗဟိုပြုစီမံကိန်းနှင့် သက်ဆိုင်ရာဌာနများတို့ မြို့နယ်စီမံကိန်း ရေးဆွဲရာ တွင် ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ် များ ထည့်သွင်းရေးဆွဲနိုင်ရေး ကျေးရွာများမှ ဆွေးနွေးဖော်ထုတ်ထားသော ဖွံ့ဖြိုးရေးအစီအစဉ်များအား ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့်က အဖွင့်အမှာစကားပြောကြားပြီး ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့ မြို့နယ် လူထုဗဟိုပြုစီမံကိန်း ကျား/ ရေးရာတာဝန်ခံ ဦးနန်းထိုက် ရွှေက လူထုဗဟိုပြုစီမံကိန်း ရည်ရွယ်ချက်နှင့် ကျေးရွာ လူထုမှ ဆွေးနွေးဖော်ထုတ်ထား သော ဖွံ့ဖြိုးရေးအစီအစဉ်များကို ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများက ဌာနများအလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက် သွားမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားရာ ကျေးရွာစီမံကိန်း အထောက်အကူပြုကော်မတီဝင်များက သိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ထို့နောက် လူထုဗဟိုပြုစီမံကိန်းမှ နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးခူးကလောရယ်က စီမံကိန်းကာလ လေးနှစ်တာ အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)