အင်္ဂပူ ဩဂုတ် ၆
အင်္ဂပူမြို့နယ် စည်ပင်သာယာရေးကော်မတီပိုင် စျေးများအတွင်းရှိ ဝက်သားဆိုင်များတွင် ယနေ့ နံနက်ပိုင်းတွင် အာဖရိကဝက်အပြင်းဖျား ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး ပိုစတာများအား မြို့နယ်စည်ပင်သာယာ ရေးကော်မတီအဖွဲ့နှင့် မြို့နယ်မွေးမြုရေးနှင့် ကုသရေးဦးစီးဌာန တို့ပူးပေါင်းပြီး စိုက်ထူခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးပိုစတာများကို မြို့နယ်စည်ပင်သာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် မွေးမြုရေးနှင့် ကုသရေးဦးစီးဌာနမှဝန်ထမ်းများ အင်္ဂပူမြို့နယ်အတွင်းရှိ စည်ပင်သာယာရေး ကော်မတီပိုင်ဈေးများတွင် အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး ပိုစတာများအား စိုက်ထူခဲ့ပြီး အသားရောင်းချသည့် ဈေးဆိုင်းများ သန့်ရှင်းစွာ ရောင်းချမှု ရှိ/မရှိတို့အား စစ်ဆေးခဲ့ကြောင်းသိရသည်။
မန်းကျော်(ပြန်/ဆက်)