ပင်းတယ မတ် ၂၉
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရားအား ဖူးမြှော်ကြည်ညိုခွင့်နှင့် အခြားနှစ်နေရာအားသွားလာခွင့်ကို မတ်လ ၂၈ ရက်နေ့မှစတင်၍ ယာယီပိတ်ထားကြောင်း သိရသည်။
COVID 19 လူနာ နံပါတ် ၈ ဝင်ရောက်ခဲ့သည့် သမိုင်းဝင်ရွှေဥမင်ဘုရား၊ ငှက်ပျောတော ရပ်ကွက်ရှိ အောင် ရိုးရာထီးလုပ်ငန်း၊ Green Tea စားသောက်ဆိုင် တို့မှ ၎င်းနှင့်ထိတွေ့ခဲ့သည့် ဝန်ထမ်းများ၊ မိသားစုဝင်များကို မတ် ၂၈ ရက်နေ့တွင် ကျန်းမာရေးစစ်ဆေးပြီး ကန့်သတ်စောင့်ကြည့်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ COVID- 19 လူနာသွားရောက်ခဲ့သည့် သမိုင်းဝင်ရွှေဥမင်ဘုရားအား ယာယီပိတ်ထားပြီး ဆေးဖျန်းခြင်းနှင့် Green Tea စားသောက်ဆိုင်နှင့် အောင်ရိုးရာထီးလုပ်ငန်းတို့အား ယာယီပိတ်ထားခြင်းနှင့် ဆေးဖျန်းခြင်းများကိုလည်း ပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။
ခင်မျိုးနွယ်(ပြန်/ဆက်)