ဟားခါး ဇန်နဝါရီ ၃၀
ချင်းပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဟားခါးမြို့နယ်အတွင်းရှိ Physical Fitness Dance ပြိုင်ပွဲဝင်များအား T-Shirt ဝတ်စုံများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ဟားခါးမြို့၊ ခိုင်ကမ်း အားကစားရုံခန်းမတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါပေးအပ်ပွဲတွင် ဟားခါးမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ဟားခါး မြို့နယ်အတွင်းရှိ Physical Fitness Dance ပြိုင်ပွဲဝင်(၅၀)ဦး အား Physical Fitness Dance စာတန်းပါ T-Shirt ဝတ်စုံများကို ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ ပြိုင်ပွဲဝင်များက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
အားကစားနှင့် ကာယပညာ ဦးစီးဌာန(ရုံးချုပ်)မှ စီစဉ်ကျင်းပပေးသည့် Online မှတစ်ဆင့် Physical Fitness Dance ပြိုင်ပွဲကို ဟားခါးမြို့နယ်အတွင်း Physical Fitness Dance ပြိုင်ပွဲဝင် (၅၀)ဦးဖြင့် ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလမှ စတင်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး လက်ရှိတွင် ပြိုင်ပွဲပွဲစဉ်အမှတ်(၈) ရောက်ရှိနေကြောင်း၊ ပြိုင်ပွဲပွဲစဉ် အမှတ်(၉)အထိရှိကြောင်းနှင့် Physical Fitness Dance ပြိုင်ပွဲကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် အပြီး ကျင်းပသွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
အောင်ခွီရှိန်း၊ခရိုင်(ပြန်/ဆက်)