တီးတိန် ဖေဖော်ဝါရီ ၂
ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၃)ဦးသည် ကျန်းမာရေး ကောင်းမွန်သဖြင့် ယနေ့ နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
၎င်းတို့မှာ တီးတိန်မြို့နယ်၊ ဗာလ်းဗုမ်းကျေးရွာနေ အသက်(၈)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၃၅) နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် ဘွင်ကျေးရွာနေ အသက်(၁၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသည်။
လက်ရှိတွင် တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ပိုးတွေ့အတည်ပြုလူနာ အမျိုးသား(၃)ဦးနှင့် အမျိုးသမီး (၅)ဦးတို့ ဆေးကုသမှု ခံယူလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း တီးတိန်မြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)