ခိုင်ကမ်း ဖေဖော်ဝါရီ ၂
လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်အရ ခိုင်ကမ်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း ဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၏ ပထမသုံးလပတ်အတွက် ထောက်ပံ့ ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး တစ်လလျှင် ကျပ် ၁၅၀၀၀/-(ကျပ်တစ်သောင်းခွဲ)နှုန်းဖြင့် သုံးလစာ အကျိုးခံစားခွင့်ရှိသူတို့ထံ မြို့လူမှုဝန်ထမ်း ဦးစီးဌာန တာဝန်ခံ ဦးပီတာငိုင်အွမ်းက ထောက်ပံ့ပေးအပ်ခဲ့သည်။
မြို့အတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှ အသက်(၂)နှစ်အထိ MCCT (Maternaland -Child Cash Transfer) အစီစဉ်အရ အကျိုးခံစားခွင့်ရှိသူ ၃၁၄ ဦးရှိကြောင်း လူမှုဝန်ထမ်းဦးစီး ဌာနရုံးမှ သိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)