မင်းတပ်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ချင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်လူစွမ်းအားအရင်းမြစ်ဝန်ကြီး ဦးဖွေအားတက်ရောက်

မင်းတပ်  မတ်  ၂၉

မင်းတပ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ရာ ချင်းပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူစွမ်းအားအရင်းမြစ်ဝန်ကြီး ဦးဖွေအားက အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းက မင်းတပ်မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက် ထားရှိမှုအားရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် မင်းတပ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမောင်ထူးက မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ် ရောဂါ သံသယလူနာ တွေ့ရှိပါက သီးသန့်ထားရှိရန် ဆောင်ရွက်ထားမှုအား ရှင်းလင်းသည်။

မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူများသို့ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်မှုမရှိစေရေး မြို့အဝင်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှုများ နေ့စဉ်ပြုလုပ်လျက်ရှိပြီး လူအများသွားလာလျက်ရှိသည့် မြို့မစျေး၊ ဆေးရုံနှင့် စျေးဆိုင်များတွင် ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆလိုင်းအောင်(ပြန်/ဆက်)