ရေဇွာ ဖေဖော်ဝါရီ ၂
ချင်းပြည်နယ်၊ ရေဇွာမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ရေဇွာမြို့ ကျေးလက်ကျန်းမာရေးဌာန ဆေးခန်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ကလေးများနှင့် မိဘအုပ်ထိန်းသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်း(Mask) တပ်ဆင်စေပြီး ကာကွယ်ဆေးများ စနစ်တကျထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရာတွင် အသက်အရွယ်လိုက် အသည်းရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်အသည်းရောင်အသားဝါ(ဘီ) ဦးနှောက်တီဘီကာကွယ်ဆေး၊ ပြင်းထန် ဝမ်းလျှော ဝမ်းပျက်ရောဂါ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါနှင့် ပိုလီယိုအစက်ချ ကာကွယ် ဆေးတို့ကို ထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းများကို ရေဇွာမြို့ရပ်ကွက်(၄)ရပ်ကွက်အပြင် ကျေးလက်ကျန်းမာရေး ဌာနအောက်ရှိ ကျေးရွာများတွင်လည်း လစဉ်ထိုးနှံတိုက်ကျွေး လျက်ရှိကြောင်း သိရသည်။
ဟုန်းအွမ်(ပြန်/ဆက်)