လူမှုဝန်ထမ်း ဦးစီးဌာန၏ MCCT အစီအစဉ်အရ လိုင်လင်းပီမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ(၂)နှစ်ထိ ကလေးများအား ထောက်ပံ့ကြေးပေးအပ်

လိုင်လင်းပီ ဖေဖော်ဝါရီ

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ လူမှုဝန်ထမ်းဦးစီးဌာန၏ (Maternal and Child Cash Transfer-MCCT)အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ()နှစ်အထိ ကလေးများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီခွဲ အချိန်ခန့်မှစ၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်အရောက် ပေးအပ်ကြသည်။

အဆိုပါ ထောက်ပံ့ငွေများမှာ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်၏ ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် ပေးအပ်ခြင်းဖြစ်ကြောင်းနှင့်  လိုင်လင်းပီမြို့ပေါ် ရပ်ကွက်()ခုရှိ အကျိုးခံစားခွင့်ရှိသည့် ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်()နှစ်အောက် ကလေးငယ်များ စုစုပေါင်း (၉၇)ဦးအား တစ်လလျှင် ကျပ် ၁၅,၀၀ဝိ/-နှုန်းဖြင့် စုစုပေါင်း ကျပ် ,၇၉၀,၀၀ဝိ/- ကို ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ယူပေးအပ်ကြကြောင်း သိရသည်။

ယာကမ် (ပြန်/ဆက်)