ဟားခါးမြို့ စျေးသစ်ရပ်ကွက်တွင် လူနေအိမ်(၂)လုံး မီးလောင်မှုဖြစ်ပွား၊ လူ(၆)ဦးသေဆုံး

ဟားခါး ဖေဖော်ဝါရီ

ဟားခါးမြို့ စျေးသစ်ရပ်ကွက်တွင် လျှပ်စစ်ထမင်းပေါင်းအိုး တည်ထားခဲ့ရာ မှတစ်ဆင့် အပူလွန်ကဲပြီး ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်ခန့်က လူနေအိမ်()လုံး မီးလောင်မှုဖြစ်ပွား၍ လူ()ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဟားခါးမြို့၊ စျေးသစ်ရပ်ကွက် (၃၆×၂၆) သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း()ထပ် နေအိမ် လျှပ်စစ်ထမင်းပေါင်းအိုး တည်ထားခဲ့ရာမှတစ်ဆင့် အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ရာမှ လူနေအိမ်()လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူ()ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ချင်းပြည်နယ် မီးသတ်ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းနိုင်၊ ခရိုင်မီးသတ် ဦးစီးမှူး ဦးသန်းထွေး၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးသျှန်နွန်မောင်နှင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများ ပူးပေါင်း၍ မြို့နယ်မီးသတ်စခန်း မီးငြှိမ်းသတ် ယာဉ်()စီး၊ မီးသတ်ရေသယ်ယာဉ်()စီး၊ ခရိုင်မီးသတ် စခန်းမှ မီးငြှိမ်းသတ် ယာဉ်()စီး၊ မီးသတ်ရေသယ်ယာဉ်()စီး၊ သူနာတင်ယာဉ်()စီး၊ အုပ်ချုပ်မှုယာဉ်()စီး၊ ပြည်နယ်အုပ်ချုပ်မှု ယာဉ်()စီး၊ စုစုပေါင်း()စီး အသုံးပြု၍  မီးငြှိမ်းသတ်ပေးခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူ()ဦး သေဆုံးခဲ့ကြောင်း၊ မီးဘေးဒုက္ခသည် မိသားစုဝင်များအား နီးစပ်ရာဆွေမျိုးများ နေအိမ်သို့ နေရာချထား ပေးခဲ့ကြောင်း ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

အောင်ခွီရှိန်း၊ခရိုင်(ပြန်/ဆက်)