ဆမီး သြဂုတ် ၇
ချင်းပြည်နယ်၊ ဆမီးမြို့တွင် ဒေသခံတောင်သူများအနေဖြင့် ရွှေ့ပြောင်းတောင်ယာစနစ် အစားထိုး ကော်ဖီပင်စိုက်ပျိုးရေး နည်းပညာပေးသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် စိုက်ပျိုးရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
"ဆမီးဒေသခံတောင်သူအများစုဟာ ရွှေ့ပြောင်းတောင်ယာအနေနဲ့စပါး၊ ပြောင်း၊ နှမ်း၊ ငရုတ် နဲ့ ဆောင်းသီးနှံမြေပဲတို့ကို အဓိက စိုက်ပျိုးကြပါတယ်။ သူတို့ကို အတည်တကျစိုက်ပျိုးခြင်းနှင့် စီးပွားဖြစ်စျေးကွက်ဝင်သီးနှံတွေဖြစ်တဲ့ ဝဥစိုက်ပျိုးရေး၊ ကော်ဖီပင်စိုက်ပျိုးရေးတို့ကို စိုက်ပျိုးအောင်ပညာပေးခြင်း၊ စိုက်ပျိုးနည်းဖြန့်ဝေပေးခြင်းတို့အပြင် စိုက်ပျိုးနိုင်ရန် အတွက် ကော်ဖီပျိုးပင်များလည်းဖြန့်ဝေပေးအပ် တာဖြစ်ပါတယ်" ဟု စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းထွန်း ဝေက ပြောကြားသည်။
အဆိုပါ သင်တန်းတွင် တက်ရောက်လာကြသည့် ဒေသခံတောင်သူ(၁၃)ဦးအား ကော်ဖီပျိုးပင် (၁၅၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။
လဲ့လဲ့ခိုင်(ပြန်/ဆက်)