ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့် ပုသိမ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များကို လှူဖွယ်များလှူဒါန်း

ပုသိမ် ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပမည့် ကန်သာယာယာ ပြည်ထောင်စုကွင်းသို့ ရောက်ရှိလာပြီး အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုသည်။

ဆက်ကပ်လှူဒါန်း

ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်သည် တာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မရမ်းချိုကျောင်းတိုက် ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသောဘိတ၊ မြောင်းမြကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝဏ္ဍိတာဘိဝံသ၊ ဇေယျဝံသ(ရေတွင်းကုန်) ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏာဘာသ ဆရာတော်ကြီးများကို သွားရောက်ဖူးမြော်ကြည်ညိုကာ သာသနာရေးရာကိစ္စရပ်များကို လျှောက်ထားပြီး လှူဖွယ်များ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ- မောင်မောင်မြင့် (ပြန်/ဆက်)