ကော့သောင်းခရိုင် (၇၄) နှစ်မြောက်၊ ပြည်ထောင်စုနေ့သဝဏ်လွှာ ဖတ်ပွဲအခမ်းအနား ကျင်းပ

ကော့သောင်း ဖေဖော်ဝါရီ ၁၂

(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၇) နာရီက ကော့သောင်းမြို့ အဏ္ဍဝါရပ်ကွက် ၊ မဉ္ဇူသကပြည်သူ့ခန်းမတွင်ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၁ ခုနှစ်၊ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာအား ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦက ဖတ်ကြားသည်။

အခမ်းအနားအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

ကျော်စိုး (ကော့သောင်း )