ဥတ္တရသီရိ ဖေဖော်ဝါရီ ၁၂
(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ယနေ့နံနက်(၇)နာရီက နေပြည်တော် ဥတ္တရ သီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေး ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် တက်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများက နိုင်ငံတော်အလံအား အလေးပြုခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား ဥတ္တရသီရိမြို ့နယ်၊ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးက ဖတ်ကြားခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)