ဗန်းမော်မြို့၌ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကျင်းပ

ဗန်းမော်  ဖေဖော်ဝါရီ   ၁၂

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယနေ့ နံနက် ၇ နာရီက ကချင်ပြည်နယ် ဗန်းမော်မြို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးရှေ့မြက်ခင်းပြင်၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးတင့်နိုင်နှင့် ခရိုင် အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်နှင့်  မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတို့က တက်ရာက်ခဲ့ကြကာ  ဗန်းမော်မြို့မရဲစခန်းမှ ဒုရဲအုပ် တေဇာဖြိုးက ဦးစီးသော တပ်ဖွဲ့ဝင်များက ဦးဆောင်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် အလံအား အလေးပြုခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို  ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးတင့်နိုင်က ဖတ်ကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသူများအား ခပ်ခွာခွာတန်းစီခြင်းများပြုလုပ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရ သည်။

ကိန်းဖြူ(ပြန်/ဆက်)