တိုက်ပွဲရှောင်စခန်းများသို့ မိုးရာသီသုံး လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်း

ဆမီး     သြဂုတ်     ၇

ချင်းပြည်နယ် ဆမီးမြို့ရှိ တိုက်ပွဲရှောင်စခန်းများသို့ မိုးရာသီသုံးလူသုံးကုန်ပစ္စည်းများကို သြဂုတ်လ (၅)ရက်နေ့က မျှော်လင့်ခြင်းတောင်ပံ ပရဟိတအသင်းက လာရောက် လှူဒါန်းကြောင်း သိရသည်။

အဆိုပါ  မျှော်လင့်ခြင်းတောင်ပံ    ရဟိတလူမှုရေးအသင်းက   တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများအတွက် လူကြီးဝတ်အားကစားဝတ်စုံ(၅၀၀)ထည်၊  ကလေးဝတ် အားကစားဝတ်စုံ (၃၀၀)ထည်၊ မိုးကာ အင်္ကျီ(၂၀၀)ထည်၊  ထီး(၉၀)လက်၊  အမျိုးသားဝတ် တီရှပ်အင်္ကျီ(၁၀၀)ထည်၊   အမျိုးသမီးဝတ်တီရှပ်အင်္ကျီ (၁၀၀)ထည်၊  အမျိုးသမီး ဝတ်လုံချည် (၁၀၀)ထည်နှင့်  အခြားအမျိုးအစားအဝတ်အထည် (၄၀၀)  ထည်တို့ ကို လာရောက်လှူဒါန်း ခဲ့ကြသည်။

ထိုသို့လှူဒါန်းခဲ့သော  မျှော်လင့်ခြင်းတောင်ပံ  ပရဟိတလူမှုရေးအသင်းအား တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများကိုယ်စား  ဆမီးမြို့အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြောကြားကြောင်း သိရသည်။

လဲ့လဲ့ခိုင်(ပြန်/ဆက်)