တနိုင်းမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာပြီး (၁၂) ရက်အတွင်း လာရောက်ကြည့်ရှု သူ (၇၂၀၅) ဦးရှိ

တနိုင်း  ဩဂုတ် ၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်းကို (၁၂) ရက် အတွင်း ပြည်သူများစိတ်ဝင်စားစွာ လာရောက်ကြည့်ရှုကြောင်း သိရသည်။

တနိုင်းမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို (၁၂) ရက်အတွင်း လာရောက်ကြည့်ရှုသူ (၇၂၀၅) ဦးခန့် လာရောက်ကြည့်ရှုလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

တနိုင်းမြို့နယ်အတွင်း  ရပ်ကွက်/ကျေးရွာအုပ်စု (၁၉) အုပ်စုရှိပြီး မဲရုံပေါင်း(၂၀)နှင့် ပထမအကြိမ် မဲပေးပိုင်ခွင့် ရှိသူ စုစုပေါင်း (၃၂၁၈၉) ဦးခန့်ရှိကြောင်း၊ မဲဆန္ဒရှင်စာရင်း ကြေညာခြင်းကို  ဇူလိုင်လ(၂၅)ရက် နေ့မှ ဩဂုတ်လ(၇)ရက်နေ့အထိ  ရပ်ကွက်/ကျေးရွာအတွင်းရှိ သတ်မှတ်ထားသော  နေရာများတွင် (၁၄) ရက်အကြာ ကပ်ထားကြေညာ ပေးမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းများအား ပြည်သူများသိရှိနိုင်ရန်နှင့် လာရောက်ကြည့်ရှု နိုင်ရေးကို  သက်ဆိုင်ရာ ရက်ကွက်/ကျေးရွာ အုပ်ချုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ က အသံချဲ့စက် များဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)