ပလောက်မြို့၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများအကြောင်း အသိပညာပေး နံရံကပ်စာစောင် ပြသ

ပလောက်   ဩဂုတ်    ၇

(၂၀၂၀) ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများကို ပြည်သူများအလွယ်တကူသိရှိလိုက်နာဆောင်ရွက် နိုင်စေရန်ရည်ရွယ်၍  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နံရံကပ်ဘုတ်တွင် အသိပညာပေး ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးနံရံကပ်ဘုတ်တွင် (၂၀၂၀) ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအကြောင်း သိကောင်းစရာများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာချက်များ၊ နေရပ်ဒေသပြောင်းရွှေ့နေထိုင်သူများနှင့် အစိုးရခွင့်ပြု ချက်ဖြင့် နိုင်ငံပြင်ပသို့ရောက်ရှိနေသူများ၊ မဲပေးနိုင်ရန်ဆောင်ရွက်ရမည့်အချက်များ၊ မဲဆန္ဒရှင်စာရင်း ကြည့်ရှုရန်နှိုးဆော် ချက်များနှင့် မကြခဏမေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများအား ထည့်သွင်းပြသထား ကြောင်း သိရှိရသည်။

နှင်းမြူလွင် (ပလောက်၊ ပြန်/ဆက်)