၂၀၂၀-၂၀၂၁ ပညာသင်နှစ် မြစ်ကြီးနားမြို့၌ အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပညာသင်ကြား

မြစ်ကြီးနား ဩဂုတ်

၂၀၂၀- ၂၀၂၁ ပညာသင်နှစ် မြစ်ကြီးနားမြို့၌ အခြေခံပညာ အထက်တန်းကျောင်းများတွင် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ် ကာကွယ် ကုသရေး လုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပညာသင်ကြားလျက် ရှိကြောင်း သိရှိရသည်။

ထိုသို့ ပညာသင်ကြားရာတွင် ကျောင်းသား/သူများကို ကျောင်းအဝင်ဝတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း တပ်ဆင် စေခြင်းနှင့် Face Shield များ ပါ/မပါ စစ်ဆေးခြင်း၊ လက်ဆေးဘေစင်တွင် လက်ကို စနစ်တကျဆေးရန် တာဝန်ကျ ဆရာ/ ဆရာမ များကစစ်ဆေးပြီး တစ်ဦးနှင့်တစ်ဦး နီးကပ်မှုမရှိစေရေး (၆) ပေကွာဖြင့် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားပေးလျက်ရှိကြောင်း၊ ထို့အပြင် စာသင်ကျောင်းခန်းတွင် လက်ဆေးကန်များ စနစ်တကျထားရှိခြင်း၊ စာသင်ခန်းတိုင်းရှေ့တွင် အမှိုက်ပုံးထားရှိခြင်း၊ ကျောင်းသား/ ကျောင်းသူများကို ဆရာ/ဆရာမများက အလှည့်ကျစာသင်ကြားစေပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ စနစ်တကျလိုက်နာမှု ရှိ/မရှိ ကို နေ့စဉ်လိုက်လံ စစ်ဆေးလျက်ရှိကြောင်း အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်ညိုညိုသန်း ထံမှ သိရှိရသည်။

မြစ်ကြီးနားမြို့နယ်အနေဖြင့် အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်းခွဲ (၂၁) ကျောင်းတွင် ကျောင်းသား/သူပေါင်း (၁၃၃၆) ဦးကို စာသင်ကြားနေပြီဖြစ်ပါကြောင်း စာသင်ခန်းတစ်ခန်းလျှင် ကျေားင်းသား/သူ (၂၀) ဦး သာထားရှိပြီး စာသင်ချိန်အနေဖြင့် နံနက် (၈) နာရီမှ နေ့လည် ၁၁ နာရီ ၄၅ မိနစ်ထိ၊ နေ့လည် (၁၂) နာရီခွဲမှ မွန်းလွှဲ (၄) နာရီထိ တစ်နေ့ (၂) ချိန်ခွဲ သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးစံထွေး ထံမှသိရသည်။

စိန်ဝင်း(ခရိုင်ပြန်/ဆက်)