ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့ စည်ပင်သာယာဈေးကော်မတီနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေး

မြစ်ကြီးနား မတ် ၈ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ စည်ပင်သာယာဈေးအမှတ် ၁ ၊ ၂ နှင့် ရေစင်ကွင်းဈေးဖွင့်လှစ် ထားရှိမှုနှင့် သွားလာမှုလွယ်ကူ စေရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးကော်မတီမှတာဝန်ရှိ သူများနှင့် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်သူများ၏ ဈေးဝယ်ယူမှု အဆင်ပြေစေရေးအတွက် ဈေးများကို ဝင်/ထွက်သွားလာရေးကိစ္စရပ်များသည် အရေးကြီး ပြီး အလေးထားဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မငြိမ်မသက်ဆန္ဒပြမှု ဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိ သော်လည်း ပြည်သူများအနေဖြင့် စားသောက်မှု အခက်အခဲမရှိစေရေးနှင့် အဆင်ပြေစေရေးတို့အတွက် သတ်မှတ်ထားသည့် ဈေးပိတ်ရက်၊ ဈေးပိတ်ချိန်များမှလွဲ၍ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ကို တာဝန်ရှိသူများအနေဖြင့် တိုက်တွန်းဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။ ထို့နောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးဦးစိုးနိုင်နှင့် တာဝန်ရှိသူများ၊ မြစ်ကြီးနားမြို့ အမှတ် ၁ ၊ ၂ ဈေးနှင့် ရေစင်ကွင်းဈေးတို့မှ ဈေးကော်မတီတာဝန်ရှိသူများက ဈေးဧရိယာ အတွင်းရှိ လမ်းများတွင် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် သတ်မှတ် ထားသည့် တစ်လမ်းမောင်းနှင့် နှစ်လမ်းမောင်းစနစ်များအား ပြင်ဆင်သတ်မှတ်နိုင်ရေး၊ ဈေးများတွင် ဆိုင်ကယ်နှင့်မော်တော်ယာဉ်ရပ်နားရာနေရာများ စနစ်တကျသတ်မှတ်နိုင်ရေး၊ ဈေး(၁)ပတ်လမ်းတွင် အမိုးတပ်ဆင်နိုင်ရေးနှင့် အမှတ်(၂)ဈေး မီးဘေးလုံခြုံရေးအတွက် ဈေးဆိုင်ခန်းဟောင်းများ ပြုပြင်နိုင် ရေး စသည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး တင်ပြကြရာ ပြည်နယ်ကောင်စီအဖွဲ့ဝင်များက တင်ပြချက်များ အပေါ် ဦးစားပေးဆောင်ရွက်နိုင်သည့်ကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် မြေပြင်တွင် ညှိနှိုင်း ဆောင်ရွက်သွားရမည့်ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ကောင်စီဥက္ကဋ္ဌက စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးကော်မတီတို့မှ တာဝန် ရှိသူများ၏ တင်ပြချက်များအပေါ် ပြုပြင်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ပြင်ဆင်သတ်မှတ်ပေးရန်ကိစ္စရပ် များကို မြေပြင်အခြေအနေကို စနစ်တကျ ကွင်းဆင်းစစ်ဆေး၍ ဦးစားပေးဆောင်ရွက်ရမည့်ကိစ္စရပ်များ အပေါ် ဦးစားပေးဆောင်ရွက်သွားရေးနှင့် ညှိနှိုင်းတိုင်ပင်ဆုံးဖြတ်ရမည့်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေး၍ ဖြေရှင်းဆောင်ရွက်ရေးနှင့် အများပြည်သူ ဈေးဝယ်၊ ရောင်းချမှုတွင် လုံခြုံမှုရှိစေရေးတို့အတွက် ညှိနှိုင်း ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့သည်။ ပြည်နယ်ပြန်/ဆက်