တနိုင်း သြဂုတ် ၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရရှိသော အခြေခံလူတန်းစားများ စားဝတ်နေရေး အခက်အခဲမရှိစေရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်(၅)မျိုး ထောက်ပံ့ပေးအပ်ပေးအပ်ခဲ့ပြီးဖြစ်ရာ အကြောင်း မျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ငွေကျပ်(၁၅,၀၀၀)နှုန်းဖြင့် ပြန်လည် ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်အဖြစ် နိုင်ငံတော်အစိုးရမှ တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀,၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၄၇,၀၄၀,၀၀ဝိ/-)သိန်းကို အိမ်ထောင်စု (၇၃၅၂)စုအား ပြန်လည်ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ပြန်လည်ထောက်ပံ့ပေးအပ်ရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး ဦးဇော်ဝင်း ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးကျော်လွင်နှင့် ဌာနဆိုင်ရာများလိုက်ပါလျက် တနိုင်းမြို့နယ် အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်မှ ပုံမှန်ဝင်ငွေ မရရှိသည့် အိမ်ထောင်စု(၃၁၅၂)စု အတွက် ထောက်ပံ့ငွေကျပ် (၆၃,၀၄၀,၀၀ဝိ/-)သိန်းနှင့် ကျေးရွာအုပ်စု(၆)အုပ်စုမှ အိမ်ထောင်စု (၂၁၉၆)စု အတွက် ထောက်ပံ့ငွေကျပ် (၄၃,၉၂၀,၀၀ဝိ/-)သိန်းအားလည်းကောင်း၊ ရှင်ဗွေယန်မြို့ရှိ ရပ်ကွက်(၄)ရပ်ကွက် အိမ်ထောင်စု(၆၂၁)စု အတွက် ထောက်ပံ့ငွေကျပ်(၁၂,၄၂၀,၀၀ဝိ/-)သိန်းနှင့် ကျေးရွာအုပ်စု (၂)အုပ်စုမှ အိမ်ထောင်စု(၁၃၈၃)စု အတွက် ထောက်ပံ့ငွေကျပ် (၂၇,၆၆၀,၀၀ဝိ/-) သိန်းအား တစ်အိမ်ထောင်လျှင် ကျပ်(၂၀,၀၀၀)နှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု (၇၃၅၂)စု အတွက် ထောက်ပံ့ငွေကျပ်(၁၄၇,၀၄၀,၀၀ဝိ/-) သိန်းကို ရပ်ကွက်၊ ကျေးရွာများရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်များ၊ ဘုရားကျောင်းများတွင် အခမ်းအနား ကျင်းပ၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)