မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သိုင်းငင်းကျေးရွာ တီးတိန်-ကလေး ကားလမ်းအနီးတွင် မြေပြိုမှုဖြစ်ပွား

တီးတိန်  သြဂုတ် ၇

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ဩဂုတ် ၆ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သိုင်းငင်းကျေးရွာ တီးတိန်-ကလေး ကားလမ်းအနီး မိုင်တိုင် အမှတ် ၃၀/၂ နှင့် ၃၀/၃ အ​ကြားတွင် ပေ ၃၀၀ ခန့်မြေပြိုမှု ဖြစ်ပွားကြောင်း သိရသည်။

အဆိုပါမြေပြိုမှုကို သိုင်းငင်းအခြေစိုက် လမ်းအထူးအဖွဲ့ (၁၀) က စက်ကြီးများဖြင့် ရှင်းထုတ်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း လမ်းအထူးအဖွဲ့ တာဝန်ခံ ဦးစီးအရာရှိ ဦးစောအယ်ထူးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)