မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဇမ္ဗူသီရိ မတ် ၁၆ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက နိုင်ငံတော်လမ်းစဉ်မူဝါဒ ၅ ရပ်အား ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်အတွင်း ထူးခြား ဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြသွားကြရန်၊ ဌာနဆိုင်ရာရုံးများ၊ မြို့နယ် အတွင်းရှိဈေးများနှင့် ရပ်ကွက်/ကျေးရွာများအတွင်း မီးဘေးအန္တရာယ်ကို ဂရုပြုရန်နှင့် မီးဘေး ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက် ကြရန်လိုအပ်ကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ပြည့်ဖြိုးအောင်က ဌာနဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအုပ်စိုးလင်းက ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ စားသောက်ဆိုင်များ၊ မော်တော်ယာဉ်အသင်းများ၊ စူပါမားကတ်နှင့် ကုန်စုံဆိုင်အား ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် စာရင်းကောက်ယူမည့် အစီအစဉ်၊ ရပ်ကွက်/ကျေးရွာအတွင်း အသက် ၆၀ မှ ၆၅ နှစ်အတွင်း သက်ကြီး ဘိုးဘွားများနှင့် ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသည့် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ မြို့နယ် (ပြန်/ဆက်)