ခိုင်ကမ်းမြို့တွင် အခြေခံငါးမွေးမြူရေးပညာပေးသင်တန်း ဒုတိယအကြိမ် ဖွင့်လှစ်ပို့ချ

ခိုင်ကမ်း    ဩဂုတ်    ၇

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ပြည်နယ်အတွင်း ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် နှင့် ဒေသနေပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန် ရည်ရွယ်ပြီး အခြေခံငါးမွေးမြူရေးသင်တန်းကို ယနေ့နံနက် ၈ နာရီက ပြည်နယ်ငါးလုပ်ငန်းစခန်း (ခိုင်ကမ်း)၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် တာဝန်ခံဦးအောင်မျိုးဦးက ခိုင်ကမ်းငါးလုပ်ငန်းစခန်းအနေဖြင့် မွေးမြူရောင်းချလျက်ရှိသော ငါးအမျိုးအစားများအကြောင်း၊ ငါးများကိုသဘာဝနည်း၊ ဆေးထိုးခြင်းဖြင့် သားဖောက်နည်းများအပြင် မျိုးငါးများဆိုင်ရာ အကြောင်းများကို အသေးစိတ် စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ပြီး သင်တန်းသား /သင်တန်းသူ (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)