မအူပင်မြို့နယ်၌ သောင်တန်းကျေးရွာတွင် မြစ်ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၁၀)လုံးအတွက် ထောက်ပံ့ငွေပေးအပ်

မအူပင်  သြဂုတ်  ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စု၊ သောင်တန်းကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးခိုင်ခန့်မှုအားနည်းသဖြင့် မြစ်ကမ်းနှင့်နီးစပ်သည့် ကမ်းပြိုဘေးအန္တရာယ် ကြောင့် နေအိမ်(၁၀)လုံး၊ အိမ်ထောင်စု (၁၀)စု လူဦးရေ(၃၆)ဦးအား ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက သောင်တန်းကျေးရွာဓမ္မာရုံတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မီးသွေးချောင်းကျေးရွာအုပ်စု၊ သောင်တန်းကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးအန္တရာယ် ကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၁၀)လုံး အိမ်ထောင်စု (၁၀)စု လူဦးရေ (၃၆) ဦးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ နေအိမ်တစ်လုံးလျှင် ကျပ် တစ်သိန်းနှင့် ဆန်ရိက္ခာ (၇)ရက်စာအတွက် စုစုပေါင်းရန်ပုံငွေ ကျပ်(၁,၀၇၅,၆၀ဝိ/-)အား မအူပင်မြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မအူပင်ခရိုင် ဦးစီးမှူးရုံး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သဇင်ထွန်းနှင့် ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးမောင်တို့က သဘာဝဘေး သင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်နေအိမ်များ၏ ပြောင်းရွှေ့ဆောင်ရွက်နေမှုများအား မအူပင်မြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးနှင့် ခရိုင်ဘေးစီမံတာဝန်ခံနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်ခိုင်(မအူပင်)