ရေကြည် ဩဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၉)နာရီက ရေကြည် မြို့မဈေးအတွင်း၌ အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး ပိုစတာများ စိုက်ထူခဲ့သည်။
အာဖရိက ဝက်အပြင်းဖျားရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး ဝက်များသေဆုံးနိုင်သောကြောင့် စီးပွားရေးအရ ထိခိုက်မှုများပြားသည့်ရောဂါဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် နာမကျန်းဝက်များ၊ ဝက်အသေများအား ဝယ်ယူရောင်းချခြင်း မပြုရန်၊ ဝက်ကုန်သည်များ လိုက်နာရမည့် စည်းကမ်းများအား တိကျစွာလိုက်နာရန်နှင့် ဝက်မွေးမြူသူများ လိုက်နာရမည့်စည်းကမ်းများကို အဆိုပါအသိပညာပေး ပိုစတာများတွင် ဖော်ပြထားသည်။
အသိပညာပေးပိုစတာများကို မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများနှင့် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှဝန်ထမ်းများက ပိုစတာများစိုက်ထူခဲ့ပြီး မြို့မဈေးအတွင်းရှိ အသားရောင်းချသည့်ဈေးဆိုင်းများ သန့်ရှင်းစွာရောင်းချမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်းသိရသည်။
အောင်သူဟန် (ပြန်/ဆက်)