တန့်ယန်း သြဂုတ် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ - ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ထုတ်ဝေထားသော အသိပညာပေး လက်ကမ်း စာစောင်နှင့် ပိုစတာများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက မြို့မစျေးကြီးနှင့် ဗိုလ်ချုပ်လမ်းတို့တွင် အခမဲ့ ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ ''မဲဆန္ဒရှင်စာရင်းတွင် သင့်အမည် ပါဝင်ပါသလား'' ဆိုသည့် အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများ တွင် မဲဆန္ဒရှင်စာရင်း၌ မိမိအမည်ပါရှိခြင်း ရှိ/မရှိကို မဲဆန္ဒရှင်ပြည်သူများ ကြည့်ရှုပြီး လိုအပ်ပါက အမည်စာရင်း ထည့်သွင်းခြင်း၊ ကန့်ကွက်ခြင်းနှင့် ပြင်ဆင်ခြင်းများကို အဆင့်ဆင့်ဆောင်ရွက်နိုင်ရန်အတွက် သိရှိလိုက်နာ ဆောင်ရွက် သင့်သည့်အချက်အလက်များ၊အမေးအဖြေများကိုဖော်ပြထားကြောင်းသိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)