တပ်ကုန်းမြို့၌ ဆိုင်းဂီတပညာရှင်များအား ထောက်ပံ့ကြေးငွေပေးအပ်

တပ်ကုန်း              ဩဂုတ်            ၇

 ကိုဗစ်-၁၉ ကာလတွင် နေပြည်တော် တပ်ကုန်းမြို့နယ် ဆိုင်းဂီတပညာရှင်အဖွဲ့သားများ  ဆိုင်းအငှားလိုက်ခြင်း လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရသဖြင့် မိသားစု စားဝတ်နေရေးအတွက် အ ထောက်အကူဖြစ်စေရန် ရည်ရွယ်ကာ  မြန်မာနိုင်ငံဆိုင်းဂီတအသင်းဗဟိုမှ ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဆရာစံရပ်ကွက်၊ ဆိုင်းဆရာကြီး ဦးရှိုင်းဗိုလ် အိမ်တွင် ကျင်းပသည်။

မြန်မာနိုင်ငံဆိုင်းဂီတအသင်းဗဟိုဉက္ကဋ္ဌ ဦးစိန်တင့်လွင်က ဆိုင်းဂီတပညာရှင်အဖွဲ့သားများအား ထောက်ပံ့ ပေးအပ်ခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနောက် ဦးစိန်တင့်လွင် (ဉက္ကဋ္ဌ)နှင့် ဦးဇော်သူဟိန်း (အတွင်း ရေးမှူး)၊ ဦးသီလှ(ဘဏ္ဍာရေးမှူး)တို့က တပ်ကုန်းမြို့နယ်အတွင်းရှိ ဆိုင်းဂီတပညာရှင်အဖွဲ့(၆)ဖွဲ့ ၊လူဦးရေ (၁၃၂)ဦးစာအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်း၊ (၄)သောင်းကို ဆိုင်းဆရာ ကိုရှိုင်းအောင်နှင့် တာဝန်ရှိသူများ ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်