ချင်းရွှေဟော်မြို့မှနေရပ်ပြန်ပြည်သူ(၃၇)ဉီးအားသက်ဆိုင်ရာဒေသများသို့ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်  ဩဂုတ် ၇

ချင်းရွှေဟော် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည် ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၅ ရက်နေ့၊ ညနေ(၆)နာရီ အချိန်က(၂၆)ဉီးနှင့် ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က(၁၁)ဉီး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၃၇) ဉီးတို့အား လားရှိုးမြို့သို့ ထပ်မံ လွှဲပြောင်း ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူ (၃၇) ဉီးမှာ  အမျိုးသား(၂၂)ဉီး၊ အမျိုးသမီး(၁၅)ဉီးတို့ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ(၃)ဉီး၊ မန္တလေးတိုင်းဒေသကြီးမှ(၆)ဉီး၊  မကွေးတိုင်းဒေသကြီးမှ(၁)ဉီး၊ ဧရာဝတီတိုင်းဒေသကြီးမှ(၁)ဉီး နှင့်  ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိမြို့နယ်များမှ(၂၆)ဉီးတို့ ဖြစ်သည်။

ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ  သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား  စနစ်တကျစီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ  ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား (၇၈၇၀) ဉီးနှင့် အမျိုးသမီး(၆၃၂၀)ဉီး တို့ဖြစ်ပြီး  စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၄၁၉၀)ဉီးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရ သည်။

 

ဇင်ဇင်(ပြန်/ဆက်)