လယ်ဝေး ဩဂုတ် ၇
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း ကိုဗစ်ကာလတွင် အခြေခံပညာအထက်တန်းကျောင်းများ၌ ပညာသင်ကြားနေမှုများအား ယမန်နေ့ နံနက် (၁၀) နာရီကနေ ပြည်တော်ကောင်စီဝင် ဦးတင်ထွန်းနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ နေပြည်တော်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျောင်းသား/ ကျောင်းသူများ ကျန်းမာစွာဖြင့် ပညာသင်ကြားလျက်ရှိနေမှုများ၊ ကျောင်းအတွင်းနှင့် စာသင်ခန်းများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် လယ်ဝေးမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းနှင့် အ.ထ.က (သဲကောကြီး)ကျောင်းများသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ဝေကြည်စန်းအောင်(ပြန်/ဆက်)