တောင်ကြီး ဩဂုတ် ၇
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် တောင်ကြီး မြို့နယ်အတွင်းရှိ မဲဆန္ဒနယ်မြေများတွင် မဲဆန္ဒစာရင်းများ ကပ်ထားကြေညာထားရှိမှု အခြေအနေများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက တောင်ကြီးမြို့ပေါ်ရပ်ကွက်(၅) ရပ်ကွက် နှင့် မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ စာရင်းများကို ကပ်ထားကြေညာ ထားရှိမှု အခြေအနေ ၊ မဲဆန္ဒရှင်စာရင်းများသတ်မှတ်ထားသည့် ပုံစံအတိုင်း စနစ်တကျ ရေးသွင်း ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါကာလ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထား သည့် ညွှန်ကြားချက် များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ပုံစံ(၃)၊ ပုံစံ(၃-က)၊ ပုံစံ(၃-ခ)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) တို့ဖြင့် လာရောက်လျှောက်ထားမှုအခြေအနေ၊ ဖြည့်စွက်ဆောင်ရွက်ရမည့်အခြေ အနေများ ကို ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း၊ မဲဆန္ဒနယ်အမှတ်(၁)၌ မဲရုံ(၁၃၁)ရုံ၊မဲဆန္ဒနယ်အမှတ်(၂) ၌ မဲရုံ(၁၁၃)ရုံ၊ မဲပေးပိုင်းခွင့် ရှိသည့်မဲဆန္ဒရှင် အမျိုးသား ၁၄၃၇၈၉ ဦးနှင့် အမျိုးသမီး ၁၅၇၅၀၂ဦး၊ စုစုပေါင်း မဲပေးပိုင်ခွင့်ရှိသူ ၃၀၁၂၉၁ ဦး ရှိကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)