Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

တာချီလိတ်    ဩဂုတ်   ၇

 တာချီလိတ်မြို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများသည် Irrawaddy Green Towers Ltdနှင့် ပူးပေါင်း၍ ကိုဗစ် 19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် အသိပညာပေးလုပ်ငန်း ဆောက်ရွက်ခြင်းကို တာချီလိတ် ဘိုးဘွားရိပ်သာနှင့် လူငယ်ပရဟိတဂေဟာတို့၌ ယမန်နေ့က သွားရောက် ပြုလုပ်ခဲ့ကြ ကြောင်းသိရှိရသည်။

ဘိုးဘွားရိပ်သာတွင် အဘိုးအဘွား၂၆ ဦးနှင့် လူငယ်ပရဟိတေဂဟာတွင် ကလေး ၃၀ ဦး ရှိကြောင်း၊ အများစုမှာ မိဘမဲ့တောင်ပေါ်တိုင်းရင်းသားကလေးငယ်များဖြစ်ကြ ကြောင်းသိရှိရပြီး Mask များ ဖြန့်ဝေပေးခြင်းနှင့် လက်ဆေး ဂျယ်ရီ၊ လက်ဆေးဆပ်ပြာ၊ ပိုးသတ်ဆေးရည်များကို ပေးလှူခဲ့ကြသည်။

ဆက်လက်၍ အသိပညာပေး ဗီနိုင်းများ၊ ပိုစတာများ ချိတ်ဆွဲခြင်း၊ ကပ်ခြင်းကိုပြုလုပ်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ပြုလုပ်ခဲ့ကြသည်။

တာချီလိတ်မြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နန့်ပေါ်လင်း၊ ရုံးဝန်ထမ်းများနှင့် Irrawaddy Green Towers Ltd. တို့ပူးပေါင်းကာ ကိုဗစ် - 19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အထောက်အကူ ပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် အသိ ပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၅ ရက်နေ့ က မိုးကုတ်တရားဓမ္မာရိပ်သာ၌ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို လည်းကောင်း၊ ဩဂုတ်လ ၆ ရက်နေ့က ဘိုးဘွားရိပ်သာနှင့် လူငယ်ပရဟိတေဂဟာတို့၌လည်းကောင်း၊ သွားရောက်

လှူဒါန်းခဲ့ကြပြီး ယနေ့ ဩဂုတ်လ ၇ ရက်နေ့တွင် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ စိန်ဂျုဒ် ကက်သလစ် သနာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းသို့ သွား ရောက်လှူဒါန်းပေးရန် စီစဉ်ထားပြီး ဆက်လက်၍ ပရဟိတကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်လှူဒါန်းပေးရန် စီစဉ်ထားကြောင်း ဘေး/စီမံ ဦးစီးဌာန တာဝန်ရှိပုဂ္ဂိုလ်ထံမှ သိရှိရသည်။

ယာဆေး(ပြန်/ဆက်)