လဲချား သြဂုတ် ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင်၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်းဆန္ဒမဲပေးနိင်ရေး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က ပန်ဆန်းကျေးရွာအုပ်စု၊ နောင်လှိုင် ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်စေရန် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်နှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုး တို့မှ နိုင်ငံသားစိစစ်ရေးအမှတ် လစ်လပ်နေမှုများ စိစစ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသော ပြည်သူများအား ကျေးရွာအရောက်ကြီးကြပ် ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာမြို့နယ် ဦးစီးမှူး နှင့် ဝန်ထမ်းများက ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ (၄၄) ဦး အား ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်တွင်းရှိကျေးရွာအုပ်စု (၁၉) အုပ်စုမှ ကျေးရွာအုပ်စု (၈)အုပ်စုအား နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်အရောက် ဆောင်ရွက်ပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ကျေးရွာအုပ်စုများကို ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသူနောင် (ပြန်/ဆက်)