အိမ်မဲမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များ ကို ပြည်သူများထံသို့ ဖြန့်ဝေပေး

အိမ်မဲ  သြဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီက ပြည်သူများထံသို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်နှင့် ပိုစတာများတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် ဆန္ဒမဲပေးပိုင်ခွင့် ပြည်သူများ အနေဖြင့် မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေး၊ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား၊ မကြာခဏ မေးလေ့မေး ထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊ မဲဆန္ဒရှင်စာရင်းတွင် အမည်မပါဝင်ပါ ကဆောင်ရွက်ရ မည့်အချက် များနှင့် မပါဝင်သင့်သူပါဝင်နေပါက ပယ်ဖျက်ရန် ဆောင်ရွက်ရမည့်အချက်များနှင့် အစရှိသည်တို့ကို ထည့်သွင်းဖော်ပြထားကြာင်း သိရသည်။

အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေခြင်းကို  မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက အိမ်မဲမြို့မစျေးကြီးအတွင်းနှင့် စျေးပတ်ဝန်းကျင်များတွင် စျေးရောင်းချသူများ၊ စျေးဝယ်သူများနှင့် စားသောက်ဆိုင်များ၊ လူစည်ကားရာနေရာများ၊ ကားဂိတ်၊ ဆိုက်ကားဂိတ်၊ ဆိုင်ကယ်ကယ်ရီဂိတ်၊ သင်္ဘောဆိပ်များမှ ပြည်သူများထံသို့ လက်ဝယ်အရောက် လက်ကမ်းစာစောင် စုစုပေါင်း(၁၀၀၀၀) ကျော် ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)