လေးမျက်နှာမြို့နယ်အတွင်းရှိ ဈေးများတွင် နှာခေါင်းစည်း (Mask) တပ်ဆင်၍ ဈေးရောင်း ဈေးဝယ် ပြုကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်

လေးမျက်နှာ  ဩဂုတ် ၇

Covid-19 ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ လူစည်ကားရာဈေးများဖြစ်သော အောင်မင်္ဂလာဈေး၊ အိုင်သပြုဈေး၊ ခမောက်စုဈေးတို့ရှိ ဈေးဝယ်သူ/ဈေးရောင်းသူများအား ယနေ့နံနက် ၇ နာရီက မြို့နယ်စည်ပင်သာယာအဖွဲ့မှ တာဝန်ရှိသူ များမှ နှာခေါင်းစည်း (Mask) တပ်ဆင်၍ ဈေးရောင်း ဈေးဝယ် ပြုကြရန် အသိပညာပေးခြင်းနှင့် Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဈေးဝယ်သူများ mask တပ်ဆင်ရန်၊ ဈေးဝယ်ရာတွင် ခပ်ခွာခွာမှနေ၍ အလှည့်ကျ ဝယ်ယူကြရန် ဈေးရောင်းသူများအနေဖြင့်လည်း နှာခေါင်းစည်း mask တပ်ဆင်၍ စနစ်တကျ ရောင်းချစေရေး အသိပညာပေးကာ (Mask)တပ်ဆင်မှု ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)