မော်လမြိုင်ကျွန်း ဧပြီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးသစ်အဆောက်အဦတည်ဆောက်မည့် ချမ်းမြေ့သာယာရပ်ကွက်၊ စောလှဘော် လမ်းနှင့် သခင်ဖိုးလှကြီးလမ်းထောင့် မြေနေရာ၌ ပန္နက်တင်မင်္ဂလာအခမ်းအနားအား ဧပြီလ ၂၈ ရက်နေ့၊ မင်္ဂလာအချိန် နံနက် ၁ဝး၄၉ နာရီအချိန်တွင် ကျင်းပပြုလုပ်သည်။
အဆိုပါပန္နက်တင်မင်္ဂလာအခမ်းအနားအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးရီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ ဦးဇင်မင်းဌေး၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများတက်ရောက်၍ အောင်ပန္နက်နေရာ ၂၁ ခုအားမင်္ဂလာအချိန်တွင် အောင်ပန္နက်များအား ၉ ချက်တိတိ ရိုက်နိုပ်စိုက်ထူဆောင်ရွက်ခဲ့သည်။
အဆိုပါမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရုံးသစ်အဆောက်အဦသည် ၅၀ပေ×၃၀ပေ× ၂၈ပေ အကျယ်အဝန်းရှိ အာစီတစ်ထပ်တိုက်အဆောက်အဦဖြစ်ပြီး နေမင်းသူရိန်ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
အောင်အောင်(ပြန်/ဆက်)