ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့မှ ကျိုင်းတုံမြို့ပေါ်ရှိ သာသနာပြုကျောင်းများအား ဆွမ်းဆန်တော်လှူဒါန်း

ကျိုင်းတုံ ဧပြီ ၂၈

ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် တာဝန်ရှိသူတို့သည် ဧပြီ(၂၆)ရက် မွန်းလွဲ(၂)နာရီက သာသနာ့ဗိမ္မာန်သို့ သွားရောက်ကာ ကျိုင်းတုံမြို့ပေါ်ရှိစာသင်တိုက်များ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများနှင့် သာသနာပြုကျောင်းများသို့ ဆွမ်းဆန်တော် လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့သည် ကျိုင်းတုံမြို့တော်ခန်းမတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်း အခမ်းအနား တက်ရောက်ကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းတို့က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေများ ပေးအပ်ရာ စေတနာ့ဝန်ထမ်းအဖွဲ့များ လက်ခံရယူပြီး ဂေဟာအုပ်ချုပ်ရေးမှူးတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ယန်းလှဝက်မွှေးမြူရေးခြံနှင့် ယန်းလောတွင် ဦးစိုင်းရီတစ်၊ ဦးရီမုန့် ဒေါ်နန်းရှဲန်အင်း စိုက်ပျိုးထားသည့် နွေစပါး၊ ရွှေရင်အေးစပါး မြေသြဇာကြဲပက်ခြင်းနှင့် မျိုးကွဲနုတ်ပယ်ခြင်း သရုပ်ပြသမှုကို ကြည့်ရှုအားပေး၍ ကျိုင်းတုံရေတံခွန်သို့ သွားရောက်ကာ ရေတံခွန်အနီးတစ်ဝိုက်တွင် စိုက်ပျိုးဖြစ်ထွန်း အောင်မြင်နေသော သခွာမွှေးခြံ၊ စပျစ်ခြံတို့ကိုကြည့်ရှုပြီး ကျိုင်းတုံရေ တံခွန်သို့ သွားရောက်လေ့လာကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)