တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

ထားဝယ် ဧပြီ ၂၈

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဖလား မြို့နယ်ပေါင်းစုံအသက် (၂၅)နှစ် အောက် အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိ ဖူဆယ်အားကစားခန်းမ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်တွင် ၂၀၂၁ ခုနှစ်ဇူလိုင်လအတွင်း ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၅)နှစ် အောက်အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် တနင်္သာရီတိုင်းဒေသကြီး လက်ရွေးစင်ရွေးချယ်ရေးနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း မြို့နယ် အသီးသီးမှ ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အမျိုးသမီးဘောလုံးသမားများ ပေါ်ထွက်လာ စေရေး ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း တနင်္သာရီဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်ထံမှ သိရသည်။

ပထမပွဲစဉ်အဖြစ် ရေဖြူမြို့နယ် အသင်းနှင့် သရက်ချောင်းမြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစား နေမှုကို ဌာနဆိုင်ရာ တာဝန်ရှိသူများအားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ သရက်ချောင်းမြို့နယ်အသင်းက ရေဖြူမြို့နယ်အသင်းကို (၉)ဂိုး(၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အမျိုးသမီးအသင်း(၉)သင်း ပါဝင်မည်ဖြစ်ပြီး မြို့နယ်အလိုက် အုပ်စုများ ခွဲ၍ မေ ၄ ရက် နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)