လောင်းလုံး သြဂုတ် ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လောင်းလုံး မြို့နယ် ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို သြဂုတ် ၅ ရက်နေ့မှ ၆ရက်နေ့ အထိလောင်းလုံးမြို့နယ်၊ ပန်းတင်အင်း ကျေးရွာအုပ်စုတွင် ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ်၊အထွေထွေရွေး ကောက်ပွဲအတွက်ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ၊ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ရည်ရွယ်၍ အသက်(၁၈)နှစ်ပြည့်ပြီးနိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူ များအားကွင်းဆင်း ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာလောင်းလုံး မြို့နယ်ဉီးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ထံမှသိရှိရပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား များကို ပန်းတင်အင်းကျေးရွာမှ လူဦးရေ(၁၅၆)ဦး၊ အိမ်ထောင်စု စာရင်း(၁၅)စု တို့ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာလောင်းလုံး မြို့နယ်ဉီးစီးမှူးရုံးမှ မြို့နယ်ဉီးစီးမှူး ဉီးမောင်နှင့် ဝန်ထမ်းများ၊ NRCမှ တာဝန်ခံစောအယ်နေသားနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း(ပြန်/ဆက်)