ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊မြန်မာ-လာအိုမဲခေါင် ချစ်ကြည်ရေးတံတားကွင်းဆင်းကြည့်ရှု

 

                                                                 တောင်ကြီး        ဧပြီ  ၂၉

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်း၊ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာများ နှင့်အတူဧပြီ(၂၇)ရက် ညနေ(၃)နာရီက တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ်ရှိ မြန်မာ-လာအို မဲခေါင်ချစ်ကြည်ရေးအား သွားရောက်ကြည့်ရှု စစ်ဆေးကြာင်း သိရသည်။

ဆက်လက်၍ တာချီလိတ်ခရိုင် မြို့နယ် စုပေါင်းရုံးခန်းမ၌ ခရိုင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့များနှင့်တွေ့ဆုံရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်မှ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ထားမှု အခြေအနေအား ဆွေးနွေးတင်ပြပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ မှာကြားချက်ဖြစ်သည့် လျှပ်စစ် လမ်း ဆက်သွယ်ရေး လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား အဓိကထား ဆောင်ရွက်ရန်နှင့် အဓိက ကျသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် မဖြစ်မနေ ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းဖွင့်ရန် လိုအပ်ပါကြောင်း ဟိုတယ်နှင့်ခရီးသွားများလည်း မကြာခင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်နှင့် မြို့ပြကွာဟမှု အတတ်နိုင်ဆုံး နည်းပါးစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အချက်အခြာအကျဆုံးဖြစ်သော ကျန်းမာရေး နှင့် ပညာရေးသည် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်ရန် နှင့် မကြာခင် ကျောင်းများပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်၍ အခြေခံကျောင်းများ ဥပဓိရုပ်ကောင်းရန် ခရိုင်/မြို့နယ်မှူးများမှ ဆောင်ရွက်ပေးကြရန် စိုက်ပျိုးရေး သိပ္ပံကျောင်းများ ကျိုင်းတုံနှင့်တာချီလိတ်တွင် ဖွင့်လှစ်နိုင်ရန် မြေနေရာများကို ကြိုတင်ရှာထားရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် Mind Set (အတွေးအခေါ်) များပြောင်းလဲပါက တာချီလိတ် ဒေသသည် နယ်စပ်ထွက်ပေါက် ကုန်သွယ်မှုဖြစ်၍ ဒီ့ထက်မက တိုးတက်လာမည်ဖြစ်ကြောင်း ခရိုင်မြို့နယ် အုပ်ချုပ်ရေးမှူးများက ဒေသလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြ၍ ဆောင်ရွက်သွားကြရန် ပြောကြားသွားသည်။

ထို့နောက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ  တာချီလိတ် ခရိုင်နှင့် မြို့နယ်များသို့ Covid- 19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ထောက်ပံ့ငွေများကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းမှ ပေးအပ်ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များက အသီးသီးလက်ခံရယူကြကြောင်းသိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)