ဟိုပင်၌ Covid-19 ရောဂါကာကွယ်ရေးသုံးပစ္စည်းများနှင့် အလှူငွေများ လှူဒါန်းခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

ဟိုပင်           သြဂုတ်               ၇

ကချင်ပြည်နယ်၊ မိုညှင်းခရိုင်၊ ဟိုပင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ Covid-19 ရောဂါကာကွယ်ရေးသုံးပစ္စည်းများနှင့် အလှူငွေများလှူဒါန်းခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ  ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့အဆင့်ကော်မတီ ဥက္ကဋ္ဌ ဦးဝေလင်းအောင်က အမှာစကားပြောကြားခဲ့ပြီး ဧပြီလ ၂၈ ရက်မှစ၍ ယနေ့အထိ မြို့အဆင့် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီထံသို့  လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အသင်းအဖွဲ့များနှင့် အလှူရှင်များမှ လှူဒါန်းခဲ့ ကြသည့်  လှူဒါန်းငွေကျပ်  ၁၅၁ သိန်း အလှူခံရရှိခဲ့ ကြောင်းနှင့် အလှူရှင် ၈၀ ဦးရှိကြောင်း   ဘဏ္ဍာငွေရှာဖွေထိန်းသိမ်းရေး ဆပ်ကော်မတီဝင် ဘဏ္ဍာထိန်း ဦးတင်ဝင်းထံမှ သိရှိရသည်။

ဆက်လက်၍ ဖြူစင်မွန်မြတ်လှသည့် စေတနာဖြင့် လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ များကို မြို့အဆင့် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး  ကော်မတီ ဥက္ကဋ္ဌ ဦးဝေလင်းအောင်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

တိုးတိုးမေ(ဟိုပင်)