လွိုင်ကော် မေ ၁
ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်း ငါးသယံဇာတများ ထိန်းသိမ်းစေရေး ၊ ငါးမျိုး ပြန့်ပွားစေရေး ၊ ငါးထုတ်လုပ်မှု တိုးတက်စေရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေရေးအတွက် ရည်ရွယ်၍ ပြည်နယ်အတွင်းရှိ သဘာဝရေပြင်များဖြစ်သည့် ရေကန်များ ၊ ချောင်းများ နှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် ပထမအကြိမ် ငါးမျိုးများ စိုက်ထည့်မှုအဖြစ် ယမန်နေ့ နံနက် ၈:၀၀ နာရီတွင် လွိုင်ကော်မြို့နယ် ၊ သတ္တပလူကျေးရွာရှိ ဘီလူးချောင်း သဘာဝရေပြင်အတွင်းသို့ (၂)လက်မအရွယ်ရှိ ငါးခုံးမငါးသားပေါက်ကောင်ရေ (၁၀၀၀၀) နှင့် ရွှေဝါငါးကြင်းငါး သားပေါက်ကောင်ရေ (၄၀၀၀၀)တို့အား ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကိုကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ် ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ၊ ဌာနဆိုင်ရာ များနှင့် ကျေးရွာပြည်သူများတက်ရောက်၍ ငါးမျိုးများစိုက်ထည့်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)