သီပေါ သြဂုတ် ၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်နှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ သတိပြုရမည့် အကြောင်းအရာများအား ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် (၉)နာရီက အသိပညာပေးဆွေးနွေးပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက ရေဘေး၊ မီးဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး၊ လျှပ်စီးလျပ်ခြင်းနှင့် မိုးကြိုးပစ်ခြင်း၊ မုန်တိုင်းဘေး စသည့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများအား အသိပညာပေးဆွေးနွေးခဲ့ပြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ၊ ကိုဗစ်−၁၉ရောဂါနှင့် ပတ်သက်၍ အသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများအား ပြသထားရာ ဆွေးနွေးပွဲ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခင်လေး(မြို့နယ်ပြန်/ဆက်)