မော်လမြိုင်ကျွန်းမြို့နယ် အတွင်းရှိ ကျောင်းများသို့ mask ၊ ဆပ်ပြာအဆီနှင့် hand gel များလှူဒါန်း

မော်လမြိုင်ကျွန်း  ဩဂုတ်  ၇

မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကိုဗစ်ကာလအတွင်း ကျောင်းတက်ချိန်များတွင် ကျောင်းသူ/ကျောင်းသားများ အသုံးပြုရန်အတွက် mask ၊ ဆပ်ပြာအဆီ၊ hand gel များ လှူဒါန်းပေးခြင်းကို မြို့နယ် ပရဟိတ ဝါသနာပါသူ လူငယ်များ စုစည်းထားသော Second Family အဖွဲ့မှ လှူဒါန်းပေးလျက်ရှိသည်။

အဆိုပါအဖွဲ့သည် မြို့နယ်အတွင်းရှိကျေးရွာ အထကကျောင်းများ အရောက်လိုက်လံပေးပို့ လှုဒါန်းလျက်ရှိပြီး စေတနာရှင်ပြည်သူများ စုပေါင်းထည့်ဝင် လှူဒါန်းပေးသော ပစွည်းများအား ထပ်ဆင့် ပညာလဲပေး ကုသိုလ်လဲယူအစီအစဉ်ဖြင့် လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့ ညနေက ကြောင်ထောက်ကျောင်းတွင် mask ၊ ဆပ်ပြာဆီ၊ hand gel များလှူဒါန်းပြီး ယနေ့ ထိကျောင်း(၁၂)ကျောင်း၊ mask (၄၉၀၀)၊ ဆပ်ပြာဆီ(၁၈၀)ဘူး၊ hand gel (၅ဝ) လှူဒါန်း ပြီးဖြစ်သည်။

ထိုသို့ လှူဒါန်းရာတွင် ကျေးရွာများအရောက် သွားရောက်လှူဒါန်းခဲ့ပြီး ကျောင်းသူ/ကျောင်းသား လေးများအား  တေးသီချင်းများဖြင့် ပညာပေးအကများ သရုပ်ဖော်စုပေါင်း လှုပ်ရှား ကပြသင်ကြားခဲ့ကြောင်း သိရှိရသည်။

သီတာအောင်(ပြန်ဆက်)