ကျောက်မဲ ဩဂုတ် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ကျူရှောကျေးရွာအုပ်စု၊ ကျူရှော(တောင်) ကျေးရွာတွင် ဩဂုတ်လ ၃ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန် ပျက်စီးခဲ့သည့် လူနေအိမ် ၆ လုံးအတွက် ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသိန်းဝင်းထွဋ်နှင့် ဝန်ထမ်းများက သက်ဆိုင်ရာ မိသားစု များအား ငွေကြေးနှင့် ပစ္စည်းများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အိမ် ၆ လုံးမှ အိမ်ထောင်စုဝင်များအတွက် အိမ်ဆောက် ပစ္စည်း ဝယ်ယူရန်အတွက် ငွေ (၁၉၇၁၀၀/-)ကျပ်၊ လူဦးရေ ၂၂ ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ဝယ်ယူရန် ငွေ (၄၆၂၀၀/-)ကျပ်၊ စုစုပေါင်း (၂၄၃၃၀၀/-)ကျပ်၊ RELIEF INTERNATIONAl (လာရှိုး)မှ လှူဒါန်းသော Shelter kits ၆ စုံ၊ Family kits ၆ စုံ ၊ UNICEF (လားရှိုး)မှ လှူဒါန်းသော Latrine Pan/Pipe ၁၅ စုံ ၊ မေတ္တာ ဖွံ့ဖြိုးမှုဖောင်ဒေးရှင်း(လားရှိုး)မှ လှူဒါန်းသော Family care ဆပ်ပြာ ၁၉၂ ခုတို့ကို သက်ဆိုင်ရာ ပြည်သူ့ လက်၀ယ်အရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
မိုင်းထွန်း(ပြန်/ဆက်)