မိုးနဲ ဩဂုတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် တိုင်းရင်းဆေးကုဌာနသို့ Tai Youth Organization (T.Y.O) မှ ACCESS TO HEALTH & Alliance Myanmar နှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအထောက်အကူပြု ပစ္စည်းများကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က လာရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် Tai Youth Organization (T.Y.O)မှ ဦးဆောင်ညွှန်ကြားရေးမှူး နန်းယိင်းနောင့်က တိုင်းရင်းဆေးကုဌာနအတွက် Hand Wash (500ml) (၅၀) ဘူး၊ အဝတ် Mask (၅ဝ) ခုနှင့် ရှမ်းဘာသာဖြင့် ဖော်ပြထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့် အချက်အလက်များပါရှိ သောလက်ကမ်းစာစောင် ၂၀၀ စောင်ကို ပေးအပ်လှူဒါန်းရာ မြို့နယ်တိုင်းရင်းဆေးကုဌာန လက်ထောက် တိုင်းရင်းဆေးမှူး ဦးမျိုးသူလွင်က လက်ခံရယူခဲ့ကြောင်း မြို့နယ်တိုင်းရင်းဆေးကုဌာနမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)