မြိတ်မြို့တွင် အစိုးရသာသနာဓဇ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ သံဃာတော်များအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်း

မြိတ် မေ ၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အစိုးရသာသနာဓဇ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ သံဃာတော် (၇)ပါးနှင့် သီလရှင်(၁)ပါးအား ယမန်နေ့ နေ့လယ်ပိုင်းက ကန်သာပရိယတ္တိစာသင်တိုက်တွင် သာသနာ ရေးဦးစီးဌာနမှ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်လက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဘွဲ့တံဆိပ်တော်ရ သံဃာတော်(၇)ပါးနှင့် သီလရှင်(၁)ပါးသည် (၂၀၂၀) ပြည့်နှစ်တွင် သာသနာရေးဦးစီး ဌာနမှ ကြီးမှူးကျင်းပသည့် အစိုးရသာသနာဓဇ ဓမ္မာစရိယစာမေးပွဲနှင့် ပဠိပထမပြန်စာမေးပွဲတွင် ဓမ္မာစရိယ ကျမ်း(၃)ကျမ်း ဖြေဆိုအောင်မြင်ခဲ့ကြသည့် သံဃာတော်များဖြစ်ကြကြောင်း သာသနာရေး ဦးစီးဌာနမှ သိရသည်။

အစိုးရသာသနာဓဇ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရရှိတော်မူကြသည့် သံဃာတော်(၇)ပါးနှင့် သီလရှင်(၁) ပါးကို ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ကန်သာပရိယတ္တိစာသင်တိုက် မြို့နယ်သံဃာ့ နာယကဥက္ကဋ္ဌ ဆရာတော်ရှေ့မှောက်တွင် မြိတ်ခရိုင် သာသနာရေးဦးစီးဌာန ခရိုင်သာသနာရေးမှူး ဦးအောင်မင်းနှင့် တာဝန်ရှိသူ များက ဆက်လက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)