တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင် တစ်ပိုင်တစ်နိုင်စီးပွားဖြစ် မွေးမြူရေး လုပ်ငန်းများအား ကြည့်ရှုအားပေး

ထားဝယ် မေ ၇

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်ခန့်တွင် ထားဝယ်မြို့ကသန်း ကျေးရွာဇလွန်းကျေးရွာနှင့် အလယ်ကုန်းကျေးရွာများရှိ တစ်ပိုင်တစ်နိုင် စီးပွားဖြစ် မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နေ သူများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်

ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များက ကသန်းကျေး ရွာရှိ ဒေါက်တာမောင်နီ၏ ကြက်ခြံသို့လည်းကောင်းဇလွန်ကျေးရွာရှိ ဦးအောင်လွင်၏ ဝက်ခြံသို့ လည်းကောင်းအလယ်ကုန်းကျေးရွာ ဦးထွန်းမင်းလတ်၏ နို့စားနွားနှင့် အသားစားကြက်မွေးမြူ ရေးခြံသို့လည်းကောင်း လှည့်လည်ကြည့်ရှုအားပေးပြီး ခြံပိုင်ရှင်များအား လိုအပ်သည်များ မှာကြားခဲ့ သည်

ဒေါက်တာမောင်နီ၏ ကြက်ခြံတွင် စားကြက်ကောင်ရေ (၁၅၀၀၀)မွေးမြူထားပြီး တစ်နေ့လျှင် ကြက်လုံး ရေ(၁၀၀၀၀)ထွက်ရှိပြီး တစ်လုံး(၁၀၀)ကျပ်ရရှိကြောင်းဦးအောင်လွင်၏ ဝက်ခြံတွင်ဝက်မကြီး(၁၃)ကောင် ဝက်သားပေါက်(၁၂)ကောင်ဝက်ထီး(၃)ကောင်မျိုးဝက်မ(၆)ကောင် မွေးမြူထားပြီး ဝက်(၄၅)ရက်သား တစ်ကောင်လျှင် ရှစ်သောင်းနှင့် တစ်သိန်းအကြား ရရှိကြောင်းဦးထွန်းမင်းလတ်၏ နို့စားနွားနှင့် အသားစား ကြက်မွေးမြူရေးခြံတွင် နို့စားနွား(၁၂)ကောင်တစ်ကောင်တွင် နွားနို့(၅)ပိဿာထွက်ရှိပြီး (၁)ပိဿာလျှင် (၂၀၀၀) နှုန်းဖြင့် တစ်နေ့လျှင် ပိဿာ(၂၀)ထွက်ရှိကြောင်းနှင့် အသားစားကြက်(၁)ပိဿာလျှင် (၁၈၀၀)ကျပ် ရရှိကြောင်း သိရှိရသည်

(တိုင်းဒေသကြီး ပြန်/ဆက်)